Tuesday, September 10, 2013

မျှော်နေမိသူ

ပန်းတွေ မပွင့်တဲ့အရပ်
အလွမ်းတွေ သင့်နေတဲ့အရပ်
ချစ်သူ မင်းမရှိတဲ့ဒီအရပ်မှာ
ငါမနေနိုင်ပါဘူး
ချစ်သူရေ အတူဆုံဖို့ ပြန်လာပေးပါ
                                                                                           ~~ပန်းကလေး~~

ချစ်သူရေ ငါ့လက်ကို လွှတ်မချလိုက်ပါနဲ့ 


ချစ်သူရေ ကမ္ဘာကြီးရဲ့



                                  မှောင်နေတဲ့အခြမ်းကို


              သွားနေတဲ့အချိန်


                              ငါ့လက်ကို


                                        ခဏခဏ လွှတ်ချမပစ်ပါနဲ့လား


       အမှောင်ထဲအတူတူလျှောက်ဖို့


                                             မင်းလက်ကလေးတစ်ဖက်တော့


                              ငါလိုအပ်တာ အမှန်ပါ...

                                                                                                          ~~ပန်းကလေး~~

အလွမ်းမိုး

>>အ လွမ်း မိုး<<

မ နက် က ရွာ တဲ့ မိုး စက် ပွင့် တွေ ထဲ မှာ
အ လွမ်း ဝတ် မှုံ တွေ ပါ လာ တယ်
တစ် နေ့ လုံး ....
အ လွမ်း တွေ ရွာ ချ တော့ မယ်

န ဂို တည်း က မှ ပျိုး ထား တဲ့ အ လွမ်း
ဒီ မိုး နဲ့ သက် သေ တည် စေ ခဲ့ ပြီ...

မိုး ရေ ထဲ မှာ ရေး ထား တဲ့
အ လွမ်း မိုး က ဗျာ တွေ
မိုး ရေ တွေ ထဲ မျော ပါ မ သွား ရ အောင်
မိုး လို ပဲ အ မြဲ အ ချိန် မှန် ရွာ ပြီး
အ လွမ်း တွေ ကို လည်း
သ စ္စာ ရှိ ရှိ လွမ်း စေ ချင် မိတယ်...

အ ဝေး တစ် နေ ရာ မှာ
ချစ် သူ လည်း ပဲ လွမ်း နေ မှာသိ နေ မိ လို့
တို့ နှစ် ယောက် ရဲ့ အ လွမ်း တွေ ကို
မိုး နဲ့ အ တူ ကိုယ် စီ ချိတ် ဆက်
တစ် သက် မှာ တစ် ခါ ဆို ရ လောက် အောင်
မ ဆုံ ဖူး ပေ မယ့် ရူး လောက် အောင်
ချစ် ခဲ့ လွမ်း ခဲ့ ရ ပါ ပြီ...

အ တူ ဆုံ ဖို့ တစ် နေ့ ဆို တဲ့
မျှော် လင့် ချက် ယဲ့ ယဲ့ လေး ကို ဆုပ် ကိုင်
အ လွမ်း များ စွာ အုံ့ ဆိုင်း
မိုး ရွာ တိုင်း ဆု တောင်း မိ တာ
တစ် ခု က မင်း နဲ့ အ မြန် ဆုံး
တစ် ကြိမ် လောက် လေး ပဲ ဖြစ် ဖြစ်
ဆုံ တွေ့ ခွင့် ရ ပါ ရ စေ လို့...


                                                                                                   ~~ပန်းကလေး~~