Wednesday, September 11, 2013

" ခရီးရှည်"

" ခရီးရှည်"

နံနက်ခင်းရဲ့
နေခြည်အောက်မှာ
ဘဝအမောတွေနဲ့
ရုန်းကန်ကြရဦးမယ့် လူ့ဘဝ

သြော် သက်တမ်းမကုန်ဆုံးခင်ထိတော့
ပေးဆပ်ဦးပေါ့ သံသရာခရီး
သူ့အတ္တ ကိုယ့်အတ္တတွေ
မညီမျှမှု့တွေနဲ့ ဒီခရီး ဝေးသေးသကော

တစ်နေ့တစ်နေ့မိသားစုအတွက်
လိမ်ဖယ်လိမ်ဖယ်နဲ့အိမ်ကထွက်သွားတဲ့
ဖခင်တွေ အဆင်ကောပြေကြရဲ့လား
ကာရာအိုကေ ညမီးမှိန်မှိန်ရဲ့အောက်က
အဖေ့ရဲ့သမီးတွေကော အဆင်ပြေကြရဲ့လား........

တချို့တချို့များကြတော့
လက်ဖျားငွေသီး ငွေကိုရေလိုသုံး
မင်းသမီးတွေခေါ်ပြီးဒေါ်လာတွေကျဲလိုက်တာများပလူကိုပျံလို့
ဘဝဘဝမညီမျှပါလားနော်.......

မညီမျှတဲ့ဒီဘဝမှာ
ဝဋ်ကျွေးရှိသမျှဆပ်ကြဦးပေါ့
ကိုယ်လည်းကိုယ်လျှောက်နေတဲ့
ဘဝလမ်းထဲတက်နိုင်သလောက်
ချော်မကျအောင်လျှောက်ရင်း ဒီခရီး ဝေးသေးသကော........။

"ပန်းကလေး"

"ကျောက်ရုပ်"

>>ကျောက်ရုပ်<<

အချစ် အချစ် အချစ်
ပေါလှချည့်လား အချစ်တွေ
ပြောလှချည်လား ချစ်ပါတယ်ဆိုစကား...
 
 တွေ့ဆုံကြုံကွဲ ကြမ္မာလှိုင်းကြား
ကြားပါများတော့လည်း
အရိုးသားဟ...... ဟုတ်ရဲ့လား ..ဟုတ်ပမလား

မင်းမရှိတော့ကတည်းက
ငါ့အသည်းနှလုံးကပဲ
ကျောက်ဖြစ်သွားပြီလားမသိ...

တခါတခါတော့လည်း
တစ်ယောက်တည်းပဲ
နေသားကျနေပြီလား...
မချစ်တက်တော့ဘူး
မချစ်ချင်တော့ဘူး
ငါ့အတ္တတွေနဲ့ပဲ ငါ နေပါရစေလို့.......။

~~ပန်းကလေး ~~

မယုံနိုင်ဘူး - အေသင်ချိုဆွေ

ပင်လယ်နဲ.ကောင်းကင် - ဆုပန်ထွာ

သစ္စာ


နင်သာရှိရင်


နောက်ထပ်အလိုမရှိ


ချော့မယ်


"ချော့မယ်"

ငိုသံ ဟုတ်တယ် ဒါငိုသံ
ကတ္တရာစေး လောင်းထားတဲ့
ညနက်နက်ထဲက ချစ်သူရဲ့ငိုသံ
ငါသဲ့သဲ့လေး ကြားနေရတယ်
မငိုပါနဲ့ ချစ်သူရယ်
နင်ငိုရင် ကြယ်တွေလဲငိုလိမ်မယ်
ငါနင့်ကို ချော့မယ်နော်
လာ ငါ့ရင်ခွင်ထဲကို
တိမ်တွေကွယ်သွားတဲ့အချိန်
နင့်နှဖူးလေးကို ငါဖွဖွလေးနမ်းမယ်
ငါ့ကို စိတ်မဆိုးပါနဲတော့နော်
ငါလေ နင့်ကိုအရမ်းချစ်ပါတယ်...။
"ပန်းကလေး"

ဒဏ်ရာများနဲ့ အလွမ်း


လွမ်းတယ်


ချစ်တယ်

~~ချစ်တယ်~~
ချစ်သူ.....
မိုးစက်ကလေးတွေကျတိုင်း
လေပြေလေညှင်းတွေတိုက်တိုင်း
ကဗျာလေးတွေရေးတိုင်း
မင်းကိုချစ်တယ်ဆိုတာ
ယုံပါကွယ်......။

ပန်းကလေး

ရက်စက်သူ


သမုဒယမိုး


မင်းကိုချစ်ရတဲ့အကြောင်း


~~စိတ်~~


"စိတ်"

စိတ်တစ္စေတစ်ကောင်က
ဘဝကို ဝါးမျိုလို့
ဖိတ်စာမရပဲ နာရေးသွားခဲ့တယ်...
ထူးဆန်းတဲ့ ခေါ်သံတမျိုး
ကြားပြီးတဲ့နောက်
 ငါဟာ ငါဖြစ်သွားခဲ့တယ်...
လူတွေကငါ့ကိုကြည့်ပြီး ငိုနေကြတယ်
တချို့ကတီးတိုး ဝေဖန်လို့ မဲ့နေကြတယ်
ငါချစ်တဲ့သူတွေကလည်း...
ငါချစ်တဲ့သူတွေကလည်း....
ငါသိလိုက်ပြီ နင်တို့နဲ့ဝေးရာ ကျောခိုင်းလို့
စမ်းတဝါးဝါး လမ်းတွေပေါ်
ဆက်လျှောက်လို့
တဖြေးဖြေး မှောင်... မှောင်... လို့...
အားးးးးးးးးးးးးးးး...။
~~ပန်းကလေး~~

နှလုံးသားထဲကဒဏ်ရာ

~~နှလုံးသားထဲက ဒဏ်ရာ~~

ပေးဆပ်ခြင်းက အချစ်လား
ရယူခြင်းက အချစ်လား
စွန့်လွှတ်ခြင်းက အချစ်လား
လားလားလားနဲ့ အချစ်ကို စသိချိန်မှာ
အချစ်ကို ငါကျောခိုင်းခဲ့မိတယ်...

နှလုံးသားတစ်စုံကို စွန့်လွှတ်ခဲ့တဲ့နောက်
လွမ်းဆွတ်ခြင်းတွေလည်း အစေးမကပ်ခဲ့ဘူး
အဲဒိနောက် အာဒံရဲ့နံရိုးတစ်ချောင်း
ပျောက်ဆုံးခဲ့တယ်...

ပန်းခင်းတဲ့လမ်းတွေလို့ ထင်ရတဲ့လမ်းတွေပေါ် လျှေက်ရင်း
နှလုံးသားတွေလည်း ငွေ့ငွေ့လေးပါပဲ...

ပျော်ရွှင်ခြင်းတွေမှာ မျက်ရည်ပုလဲခလို့
ဝမ်းနည်းခြင်းတွေမှာ ဟားတိုက်ရယ်မော တက်လာတယ်..
နင်မရှိတော့တဲ့နောက်ပေါ့...

အဲဒိနောက်.......................
အဲဒိနောက်........................
အဲဒိနောက်..........................
ငါလေ တစ်ယောက်တည်းနေရတာကို
နှစ်သက်လာခဲ့တယ်
တစ်ယောက်တည်းတွေးရင်း
တစ်ယောက်တည်းဆွေးရင်း
တစ်ယောက်တည်းကဗျာတွေရေးရင်း...

~~ပန်းကလေး~~

အချစ်စစ်

~~အချစ်စစ်~~

တိမ်မည်းတွေ အရွေ့မှာ
ကြည်လင်တဲ့ ကောင်းကင်ကို တွေ့ရသလို
နင်ဟာငါ့ရဲ့ ကောင်းကင်ပါ...

ပူအိုက်နေတဲ့အချိန်
လေနုအေးလေးလေး
တိုက်ခတ်လာသလို
နင်ဟာငါ့ရဲ့ အိုအေစစ်လေးပါ...

အမြဲတမ်း ငါ့ကိုနားလည်ပေးပြီ
ချစ်နေတဲ့ နင်ဟာ
ငါ့အတွက် ဘုရားကပေးတဲ့
ဆုလာဘ်လေး တစ်ခုပါ...

                                                                                     ~~ပန်းကလေး~~

အချစ်ကိုတွေ့ ရှိခြင်း

အချစ်စစ်တစ်ခု
               တွေ့ ရှိပြီးနောက်
                               မင်းရှေ့မှောက်
                                              အလိုလိုဒူးထောက်လို့ ပေါ့
                                                                     ချစ်သူရယ်...............................................

~~ပန်းကလေး~~

~~အချစ်တဲ့လား~~


~~အချစ်တဲ့လား~~

အနောက်အရပ်က 
တိုက်တဲ့လေပြင်းတွေမှာ 
အောက်သိုးသိုးအနံ့တွေ ပါလာသလို
မကြားချင်တဲ့ အသံတွေထဲမှာ
မင်းအသံတွေ ပါလာပြီဟန်နီ...

အချစ်ကို 
အရည်ဖျော်သောက်တာ များလာတော့ 
လျှာတွေလဲထူနေပြီ
အာတွေလဲ အူနေပြီ...

လှည့်စားခြင်း အတက်တွေ 
ငါ့ကိုလာမပြပါနဲ့ဟန်နီ
ငါအရမ်း ရီချင်လို့ပါ...

လမ်းကြုံရင်တော့ တစ်ခုလောက်
မှာလိုက်ချင်တယ်
မိုးသောက်ကနေ နေဝင်ထိ
ငါဖြတ်သန်းနေတာ 
အချစ်အတွက် မဟုတ်ဘူးလို့ ...

~~ပန်းကလေး~~

ကောင်းကင်ကိုဆေးရောင်ချယ်မယ်

ချစ်သူရေ................................................................

                   ကောင်းကင်ကြီးကို

                                       တို့ နှစ်ယောက်အတူတူ

                                                                  ဆေးရောင်တွေ

                                                                                 ချယ်ကြရအောင်နော်
                                                                                                          ~~ပန်းကလေး~~

နှလုံးသားအရင်းအနှီး (အိုင်ရင်းဇင်မာမြင့်)


~~လွမ်းဆွတ်ခြင်းနိဂုံး~~

~~လွမ်းဆွတ်ခြင်းနိဂုံး~~

ပြန်တွေ့ကြတဲ့ အခါတိုင်း
ကျွန်မ နှုတ်ခမ်းတွေက
ကျိမ်စာတွေ အခါခါစွန်းနေသလို
အမြဲတမ်း ခြောက်ကပ်နေတယ်မောင်...

အတိတ်တွေက ပြီးဆုံးခဲ့ပေမယ့်
ရင်ထဲမှာ ရွာနေတဲ့မိုးက
သည်းနေတုန်းပဲ...

မေ့ပြစ်ဖို့လည်း အကြိမ်ကြိမ် ကြိုးစားဖူးတယ်
ဝေးခဲ့တဲ့ ညတွေမှာလည်း
မျက်စိစုံမှိတ် မရေမရာ
အိပ်ကြည့်ဖူးတယ်...

မမြင်ချင်ယောင်ဆောင်ထားလည်း
တွေ့နေချင်မိတယ်
ကြင်နာချင်နေမိလည်း
စိတ်တွေကို သော့ခတ်ထားမိတယ်...

မဖြစ်နိုင်တော့တဲ့ ဘဝတွေမို့လို့
နှလုံးသားကို ချုပ်တည်းလို့
မျက်ရည်ကိုသုတ်ပြီး
မောင်ပျော်နိုင်ဖို့အတွက်
မ လေ...
ဝေးဝေးကပဲ လွမ်းပါ့မယ်...

~~ပန်းကလေး~~

အသည်းကွဲည

>>အ သည်း ကွဲ ည<<

ခ ဏ လေး ပါ
တိမ် အ ရွေ့ လေး မှာ ပဲ
လေ နှင် ရာ ပါ သွား တဲ့
ချစ် ပါ တယ် ဆို တဲ့

နှုတ် ထွက် စ ကား တွေ
သ စ္စာ တ ရား တွေ
ပ လိုင်း ပေါက် နဲ့
ဖား ကောက် နေ သ လို ပဲ
တစ် ခါ တစ် လေ တော့ လည်း
ကိုယ့် အ သည်း ကိုယ် ချိုး
ထင်း စိုက် ပစ် လိုက် ချင် တာ
အ ချစ် ဆို တဲ့
အ မှောင် ထူ တဲ့ လမ်း တွေ
လျှောက် ဖူး မှ တော့
လ မိုက် ည တွေ ကို
ငါ မ ကြောက် တော့ ဘူး...


                                                                                  ~~ပန်းကလေး~~