Wednesday, September 11, 2013

"ကျောက်ရုပ်"

>>ကျောက်ရုပ်<<

အချစ် အချစ် အချစ်
ပေါလှချည့်လား အချစ်တွေ
ပြောလှချည်လား ချစ်ပါတယ်ဆိုစကား...
 
 တွေ့ဆုံကြုံကွဲ ကြမ္မာလှိုင်းကြား
ကြားပါများတော့လည်း
အရိုးသားဟ...... ဟုတ်ရဲ့လား ..ဟုတ်ပမလား

မင်းမရှိတော့ကတည်းက
ငါ့အသည်းနှလုံးကပဲ
ကျောက်ဖြစ်သွားပြီလားမသိ...

တခါတခါတော့လည်း
တစ်ယောက်တည်းပဲ
နေသားကျနေပြီလား...
မချစ်တက်တော့ဘူး
မချစ်ချင်တော့ဘူး
ငါ့အတ္တတွေနဲ့ပဲ ငါ နေပါရစေလို့.......။

~~ပန်းကလေး ~~

No comments:

Post a Comment