"ချော့မယ်"
ငိုသံ ဟုတ်တယ် ဒါငိုသံ
ကတ္တရာစေး လောင်းထားတဲ့
ညနက်နက်ထဲက ချစ်သူရဲ့ငိုသံ
ငါသဲ့သဲ့လေး ကြားနေရတယ်
မငိုပါနဲ့ ချစ်သူရယ်
နင်ငိုရင် ကြယ်တွေလဲငိုလိမ်မယ်
ငါနင့်ကို ချော့မယ်နော်
လာ ငါ့ရင်ခွင်ထဲကို
တိမ်တွေကွယ်သွားတဲ့အချိန်
နင့်နှဖူးလေးကို ငါဖွဖွလေးနမ်းမယ်
ငါ့ကို စိတ်မဆိုးပါနဲတော့နော်
ငါလေ နင့်ကိုအရမ်းချစ်ပါတယ်...။
"ပန်းကလေး"
No comments:
Post a Comment