Wednesday, September 11, 2013

" ခရီးရှည်"

" ခရီးရှည်"

နံနက်ခင်းရဲ့
နေခြည်အောက်မှာ
ဘဝအမောတွေနဲ့
ရုန်းကန်ကြရဦးမယ့် လူ့ဘဝ

သြော် သက်တမ်းမကုန်ဆုံးခင်ထိတော့
ပေးဆပ်ဦးပေါ့ သံသရာခရီး
သူ့အတ္တ ကိုယ့်အတ္တတွေ
မညီမျှမှု့တွေနဲ့ ဒီခရီး ဝေးသေးသကော

တစ်နေ့တစ်နေ့မိသားစုအတွက်
လိမ်ဖယ်လိမ်ဖယ်နဲ့အိမ်ကထွက်သွားတဲ့
ဖခင်တွေ အဆင်ကောပြေကြရဲ့လား
ကာရာအိုကေ ညမီးမှိန်မှိန်ရဲ့အောက်က
အဖေ့ရဲ့သမီးတွေကော အဆင်ပြေကြရဲ့လား........

တချို့တချို့များကြတော့
လက်ဖျားငွေသီး ငွေကိုရေလိုသုံး
မင်းသမီးတွေခေါ်ပြီးဒေါ်လာတွေကျဲလိုက်တာများပလူကိုပျံလို့
ဘဝဘဝမညီမျှပါလားနော်.......

မညီမျှတဲ့ဒီဘဝမှာ
ဝဋ်ကျွေးရှိသမျှဆပ်ကြဦးပေါ့
ကိုယ်လည်းကိုယ်လျှောက်နေတဲ့
ဘဝလမ်းထဲတက်နိုင်သလောက်
ချော်မကျအောင်လျှောက်ရင်း ဒီခရီး ဝေးသေးသကော........။

"ပန်းကလေး"

No comments:

Post a Comment