~~လွမ်းဆွတ်ခြင်းနိဂုံး~~
ပြန်တွေ့ကြတဲ့ အခါတိုင်း
ကျွန်မ နှုတ်ခမ်းတွေက
ကျိမ်စာတွေ အခါခါစွန်းနေသလို
အမြဲတမ်း ခြောက်ကပ်နေတယ်မောင်...
အတိတ်တွေက ပြီးဆုံးခဲ့ပေမယ့်
ရင်ထဲမှာ ရွာနေတဲ့မိုးက
သည်းနေတုန်းပဲ...
မေ့ပြစ်ဖို့လည်း အကြိမ်ကြိမ် ကြိုးစားဖူးတယ်
ဝေးခဲ့တဲ့ ညတွေမှာလည်း
မျက်စိစုံမှိတ် မရေမရာ
အိပ်ကြည့်ဖူးတယ်...
မမြင်ချင်ယောင်ဆောင်ထားလည်း
တွေ့နေချင်မိတယ်
ကြင်နာချင်နေမိလည်း
စိတ်တွေကို သော့ခတ်ထားမိတယ်...
မဖြစ်နိုင်တော့တဲ့ ဘဝတွေမို့လို့
နှလုံးသားကို ချုပ်တည်းလို့
မျက်ရည်ကိုသုတ်ပြီး
မောင်ပျော်နိုင်ဖို့အတွက်
မ လေ...
ဝေးဝေးကပဲ လွမ်းပါ့မယ်...
~~ပန်းကလေး~~
ပြန်တွေ့ကြတဲ့ အခါတိုင်း
ကျွန်မ နှုတ်ခမ်းတွေက
ကျိမ်စာတွေ အခါခါစွန်းနေသလို
အမြဲတမ်း ခြောက်ကပ်နေတယ်မောင်...
အတိတ်တွေက ပြီးဆုံးခဲ့ပေမယ့်
ရင်ထဲမှာ ရွာနေတဲ့မိုးက
သည်းနေတုန်းပဲ...
မေ့ပြစ်ဖို့လည်း အကြိမ်ကြိမ် ကြိုးစားဖူးတယ်
ဝေးခဲ့တဲ့ ညတွေမှာလည်း
မျက်စိစုံမှိတ် မရေမရာ
အိပ်ကြည့်ဖူးတယ်...
မမြင်ချင်ယောင်ဆောင်ထားလည်း
တွေ့နေချင်မိတယ်
ကြင်နာချင်နေမိလည်း
စိတ်တွေကို သော့ခတ်ထားမိတယ်...
မဖြစ်နိုင်တော့တဲ့ ဘဝတွေမို့လို့
နှလုံးသားကို ချုပ်တည်းလို့
မျက်ရည်ကိုသုတ်ပြီး
မောင်ပျော်နိုင်ဖို့အတွက်
မ လေ...
ဝေးဝေးကပဲ လွမ်းပါ့မယ်...
~~ပန်းကလေး~~
No comments:
Post a Comment