Saturday, March 29, 2014

""ကြယ်မရှိ လရောင်မရှိ ကျွန်မအထီးကျန်သည့် ပင်လယ်""

""ကြယ်မရှိ လရောင်မရှိ ကျွန်မအထီးကျန်သည့် ပင်လယ်""

ကျွန်မတို့ နှစ်ယောက် ဒီကမ္ဘာထဲမှာ
စကြာဝဋ္ဌာတစ်ခုစာလောက်ဝေးနေရပြီ

လရောင်ကိုလွှမ်းခြုံ
ကြယ်တွေကိုငေးမော အလင်းမှုန်လေးတွေကို ဒီသောင်ကမ်းစပ်မှာ အတူတူရေတွက်ခဲ့ဘူးတယ်

ခုတော့ကြယ်ပျောက် လပျောက် ကောင်းကင်အမှောင်အောက်မှာ ကျွန်မတစ်ယောက်ထဲ သောင်းကမ်းစပ်မှာလျှောက်နေရတယ်
ချစ်သူ

ကျွန်မရှိုက်သံကို ချစ်သူရင်ဝထိရိုက်ခတ်နိုင်စေဖို့  ပင်လယ်ဒီရေအကျမှာ
တိမ်မဲတွေ သဲကြီးမဲကြီးပြိုကျသလို
ကျွန်မအော်ငိုချလိုက်တယ်

တဆတ်ဆတ်တုန်နေတဲ့
ကျွန်မ နှုတ်ခမ်းဖျားမှာ
မောင့် ကိုချစ်တယ်
မောင့် ကိုလွမ်းတယ် ဆိုပြီး
ကျွန်မကိုယ်တိုင်တောင်နားမလည်တဲ့ ဘာသာဗေဒတွေ အလိုလိုနေရင်း
ပင်လယ်ဆီသို့ လျှံကျစီးဆင်းသွားခဲ့တယ် ချစ်သူ

ချစ်သူနဲ့ အတူဆုံဖို့  ကြယ်ကြွေတစ်ခါမြင်တိုင်း
ကျွန်မတစ်ခါ တောင်းဆုပြုလို့ 
ဆုတောင်းပြည့်မယ်ဆိုရင်လေ
ဒီအချိန်မှာ ကြယ်စဉ်တစ်သိန်းရယ် ကြွေကာဆင်းလိုက်ပါတော့

ခုတော့ ချစ်သူရေ ကြယ်ကြွေမပြောနဲ့  ကြယ်တွေ လတွေ တောင် မျက်ကွယ်ပြုပြီး ကျွန်မတို့ အတူရှိခဲ့တဲ့ ပင်လယ်ကို အမှောင်ထုနဲ့  လွှမ်းခြုံထားတယ် ချစ်သူရယ်...

ပန်းကလေး

No comments:

Post a Comment