"အလွမ်းများနဲ့ စောင့်နေသူ"
ကောင်းကင်မှာ အလွမ်းတိမ်ညိုတွေ
ခဏလေးဖြတ်သွားမှန်း သိပါတယ်
အဲ့ခနလေးတောင်
ငါ့မှာကမ္ဘာပျက်ရပါတယ်...
မိုးတွေရွာလည်း လွမ်း
နေတွေပူလည်း လွမ်း
သီချင်းနားထောင်ရင်းများ
စိတ်သက်သာရာရမလားလို့
အလွမ်းပေါ်အလွမ်းတွေဆင့်ကာ
ပိုပိုဆိုးတဲ့ဘဝ...
မိုင်တွေထောင်ချီ ဝေးနေတာတောင်
ဒိထက်ဝေးအောင် ခွဲရက်လိုက်တာ
နင့်အသံကို ငါမကြားနိုင်လောက်အောင်
ခါးသီးမုန်းလိုက်တာ မုန်တိုင်းရာ
သူနဲ့ပတ်သက်လာရင်
သဘာဝတရားတွေကိုတောင် မုန်းတယ်..
ဘယ်လောက်ပဲ ဝေးဝေးခွဲစမ်းပါစေ
တိမ်မဲတွေကင်းစင်တဲ့ တစ်နေ့
ပင်လယ်ပြာပြာတွေ လှသွားတဲ့တစ်နေ့
အဲ့ဒိနေ့ဟာ ဘယ်လောက်ကြာနေပါစေ
ငါနင့်ကို အလွမ်းများစွာ အချစ်များစွာနဲ့
စောင့်ကြိုနေပါမယ်ချစ်သူရယ် ...
"ပန်းကလေး"
ကောင်းကင်မှာ အလွမ်းတိမ်ညိုတွေ
ခဏလေးဖြတ်သွားမှန်း သိပါတယ်
အဲ့ခနလေးတောင်
ငါ့မှာကမ္ဘာပျက်ရပါတယ်...
မိုးတွေရွာလည်း လွမ်း
နေတွေပူလည်း လွမ်း
သီချင်းနားထောင်ရင်းများ
စိတ်သက်သာရာရမလားလို့
အလွမ်းပေါ်အလွမ်းတွေဆင့်ကာ
ပိုပိုဆိုးတဲ့ဘဝ...
မိုင်တွေထောင်ချီ ဝေးနေတာတောင်
ဒိထက်ဝေးအောင် ခွဲရက်လိုက်တာ
နင့်အသံကို ငါမကြားနိုင်လောက်အောင်
ခါးသီးမုန်းလိုက်တာ မုန်တိုင်းရာ
သူနဲ့ပတ်သက်လာရင်
သဘာဝတရားတွေကိုတောင် မုန်းတယ်..
ဘယ်လောက်ပဲ ဝေးဝေးခွဲစမ်းပါစေ
တိမ်မဲတွေကင်းစင်တဲ့ တစ်နေ့
ပင်လယ်ပြာပြာတွေ လှသွားတဲ့တစ်နေ့
အဲ့ဒိနေ့ဟာ ဘယ်လောက်ကြာနေပါစေ
ငါနင့်ကို အလွမ်းများစွာ အချစ်များစွာနဲ့
စောင့်ကြိုနေပါမယ်ချစ်သူရယ်
"ပန်းကလေး"
No comments:
Post a Comment