Saturday, March 29, 2014

"အ မှတ် တ ရ ဧ ဒင်"

"အ မှတ် တ ရ ဧ ဒင်"

နင် ဖန် ဆင်း ခဲ့ တဲ့
နင့် ရဲ့ နံ ရိုး လေး
အ ခု ဖျား နေ တယ်...

နင် ကိုက် သွား တဲ့
ငါ့ ရဲ့ ပန်း သီး လေး
အ သက် မှ ရှိ သေး ရဲ့ လား...

ဧ ဒင် ကြီး တစ် ခု လုံး
မီး လင်း ပြီး
တစ် ယောက် မျက် နှာ
တစ် ယောက် မြင် ကာ မှ
ရောက် လာ တဲ့ မြွေ ဆိုး...

မိုး နဲ့ မြေ ကို ဖန် ဆင်း ခဲ့ တဲ့
အို အ ဖ ဘု ရား သ ခင်
အ ကျွန်ုပ် တို့ နှစ် ယောက်
ဒီ ဘ ဝ မှာ
ပေါင်း စည်း ခွင့် မ ရှိ မှ တော့...

အ ကျွန်ုပ် တို့ နှစ် ယောက် ကို
ဖန် ဆင်း ခြင်း မှ
ပြန် လည် ပယ် ဖျက် ပေး ပါ....

"ပန်းကလေး"

No comments:

Post a Comment