"ပန်းကလေး"
လေပြေလေညှင်းလေးတွေက
ပန်းကလေးနားကပ်ပြီး
တိုးတိုးလေးပြောသွားတယ်
မငိုပါနဲ့ ပန်းကလေးရယ်တဲ့...
နေမင်းကြီးက
ပန်းကလေးမျက်နှာညှိုးနေလို့
အပူရှိန်တွေလျှော့ပေးနေသလို
လမင်းကြီးကလည်း
ပန်းကလေးရေ ညနက်တဲ့အထိ
မအိပ်ပဲမနေရဘူးနော်တဲ့...
ပန်းကလေးရေ
ပန်းကလေးရေ
ပန်းကလေးအနားမှာ
ပျားပိတုန်းတွေအများကြီးပါတဲ့
ငှက်ကလေးတွေက ပြောကြတယ်
ပန်းကလေးညှိုးနေရင်
သူတို့မနေတက်ကြဘူးတဲ့လေ...
ပန်းကလေးဘာလုပ်ရမလဲကွယ်
အပူရုပ်ကိုကြိတ်မှိတ်လို့
အားလုံးရှေ့ခဏပျော်ပြနေရပေမ ယ့်
ရင်ထဲလှိုက်နေတဲ့ ခံစားချက်တွေက
သေလို့ရနေတာ ဘယ်သူမှမသိကြဘူး...
ဟော မိုးစက်လေးတွေကျလာပြီ
မိုးစက်ကလေးတွေက
ပန်းကလေးပါးပေါ်ဖြတ်ပြီးရွာချလိုက်တာ
အေးသောမိုးစက်ကလေးတွေနဲ့
ပူသောမိုးစက်ကလေးတွေ
ရောလို့ပေါ့ကွယ်...
"ပန်းကလေး"
လေပြေလေညှင်းလေးတွေက
ပန်းကလေးနားကပ်ပြီး
တိုးတိုးလေးပြောသွားတယ်
မငိုပါနဲ့ ပန်းကလေးရယ်တဲ့...
နေမင်းကြီးက
ပန်းကလေးမျက်နှာညှိုးနေလို့
အပူရှိန်တွေလျှော့ပေးနေသလို
လမင်းကြီးကလည်း
ပန်းကလေးရေ ညနက်တဲ့အထိ
မအိပ်ပဲမနေရဘူးနော်တဲ့...
ပန်းကလေးရေ
ပန်းကလေးရေ
ပန်းကလေးအနားမှာ
ပျားပိတုန်းတွေအများကြီးပါတ
ငှက်ကလေးတွေက ပြောကြတယ်
ပန်းကလေးညှိုးနေရင်
သူတို့မနေတက်ကြဘူးတဲ့လေ...
ပန်းကလေးဘာလုပ်ရမလဲကွယ်
အပူရုပ်ကိုကြိတ်မှိတ်လို့
အားလုံးရှေ့ခဏပျော်ပြနေရပေမ
ရင်ထဲလှိုက်နေတဲ့ ခံစားချက်တွေက
သေလို့ရနေတာ ဘယ်သူမှမသိကြဘူး...
ဟော မိုးစက်လေးတွေကျလာပြီ
မိုးစက်ကလေးတွေက
ပန်းကလေးပါးပေါ်ဖြတ်ပြီးရွာခ
အေးသောမိုးစက်ကလေးတွေနဲ့
ပူသောမိုးစက်ကလေးတွေ
ရောလို့ပေါ့ကွယ်...
"ပန်းကလေး"
No comments:
Post a Comment