Saturday, March 29, 2014

"လွမ်းနေဦးမှာ"

>>လွမ်းနေဦးမှာ<<

Miss Callလေးကောနဲ့
ပျောက်သွားတဲ့ချစ်သူ
တော်သေးတယ်
အတွေးတွေချောက်ထဲကျပြီး
ပျက်စဲမှု့တွေ
မြေမြိုတော့မလို့

တစ်ခါတစ်ခါအတွေးခေါင်တာကလဲ
အချစ်ရဲ့ပြရုပ်တွေပဲမို့လို
အပြစ်မမြင်ပဲ
အချစ်ဝင်စေလှည့်ပါချစ်သူ

မနေ့ကဝင်လာတဲ့ဖုန်းထဲက
မင်းအသံလေးအကြားမှာ
ငါ့ကမ္ဘာလေးလင်းလက်လို့လေ

"လွမ်းတယ်တဲ့" "ပြန်လာတော့မယ်တဲ့"
အတူတူလွမ်းနေကြမှန်းသိလိုက်ရလို့
အဆိပ်ပြင်းတဲ့မြွေတစ်ကောင်ကိုက်ခံရသလို
ရင်တစ်ခုလုံးပြာနှမ်းသွားတယ
ရူးပြီပေါ့အချစ်ရယ်

မနေ့ညကချိန်းလိုက်တဲ့မိုး
စိုးရိမ်မိတယ်အချစ်ရယ်
မုန်တိုင်းတွေကြားထဲမျောနေရတဲ့မင်း
အန္တာရာယ်ကင်းအဆင်ပြေခြင်းတွေနဲ့
အချစ်ရဲ့မြကျွန်းညိုဆီ အမြန်ပြန်လှည့်ပါ

ကြိုနေတဲ့ပန်း ရင်ခွင်ကိုလှမ်း
ဆိုနေတဲ့အလွမ်းတေးတွေလဲ
အသေအချာကိုများနေပြီအချစ်ရယ

မင်းမရှိလို့ နေမသာနိုင်တဲ့ငါ့ဘဝ
ပေတရာလမ်းတွေပေါ်
တစ်ယောက်တည်း မရေမရာလည်း
မလျှောက်ချင်ဘူးကွယ်

ဝေးလို့လည်းမဖြစ်တဲ့ဘဝ
ချစ်လို့လည်းမဝတဲ့ဘဝတွေမို့
ဒီတစ်ခါမောင်ပြန်လာရင်
ဒီရင်ခွင်စခန်းမှာ
အကြင်နာတွေစမ်းခါမပြတော့ဘူး
နင်မပြန်လာရင်လွမ်းနေဦးမှာပါ...

~~ပန်းကလေး~~

No comments:

Post a Comment