~ဘဝတစ်ကွေ့~
တစ်နေ့တစ်နေ့
တစ်နေ့တစ်နေ့
ငိုပြီးတော့ဝင်လာကြတဲ့လူတွေ
တစ်နေ့တစ်နေ့
တစ်နေ့တစ်နေ့
နည်းမျိုးစုံဝေဒနာခံစားရပြီး
ထွက်သွားကြတဲ့လူတွေ
ထွက်သွားကြတဲ့လူတွေ
ဘဝဆိုတဲ့ လောကတကွေ့မှာ
ခဏလေးပါပဲ
အချိန်တွေကို
အချိန်တွေကို
စားသုံးသွားခဲ့ကြတယ်
ဖြစ်ခဲ့ကြတယ်
ဖြစ်ခဲ့ကြတယ်
ပျက်ခဲ့ကြတယ်
ရေစက်ရှိခဲ့လို့
ရေစက်ရှိခဲ့လို့
လာဆုံခဲ့ကြတယ်
တစ်ယောက်နဲ့တစ်ယောက်
လက်ဆွဲနှုတ်ဆက်ကြတယ်
ရေစက်ကုန်တော့
ရေစက်ကုန်တော့
ခွဲခွာခဲ့ကြရပြန်တယ်
ကျွန်မထင်တယ်
ကံတရားရဲ့စီမံချက်မချခင်အထိ
ရေစက်ရှိခဲ့တဲ့သူတွေ အားလုံးနဲ့
အကောင်းဆုံး အပျော်ရွှင်ဆုံးဖြစ်အောင်
ကျွန်မ ပေါင်းသင်းဆက်ဆံခဲ့မှာပါ
အဲ့ဒါ ကျွန်မရဲ့ဆန္ဒအမှန်ပါ...
"ပန်းကလေး"
ရေစက်ရှိခဲ့တဲ့သူတွေ အားလုံးနဲ့
အကောင်းဆုံး အပျော်ရွှင်ဆုံးဖြစ်အောင်
ကျွန်မ ပေါင်းသင်းဆက်ဆံခဲ့မှာပါ
အဲ့ဒါ ကျွန်မရဲ့ဆန္ဒအမှန်ပါ...
"ပန်းကလေး"
No comments:
Post a Comment