Saturday, March 29, 2014

"ချစ်သူသိစေ"

>>ချစ်သူသိစေ<<

တစ်ကယ်တော့
ကိုယ့်အတွက်မင်းကနံရိုးတစ်ချောင်း
ချိုးပေးခဲ့တာမဟုတ်ပါဘူး
ကိုယ်တို့နှစ်ယောက်က
ကိုယ့်နံရိုးကိုယ်ချိုးပြီး
အပြန်အလှန်ကိုယ်စီလဲလှယ်ခဲ့ကြတာပါ
ဒါကြောင့်မင်းဟာကိုယ်ဖြစ်သလို
ကိုယ်ဟာလည်းမင်းဖြစ်လာခဲ့တာလေ...

မန္တလေးမှာအေးနေပြီချစ်သူရေ
ဒီမှာအေးနေပြီဆို
မင်းရောက်နေတဲ့အရပ်မှာရေခဲနေလောက်ပြီပေါ့
ခြေအိပ်ပါမသွားဘူး
အနွေးထည်ပါမသွားဘူး
အရမ်းချမ်းတယ်တဲ့
မင်းပြောခဲ့တာလေး
ကိုယ်ကြားယောင်မိတိုင်း
ကိုယ်ဟာမင်းဆီပြေးလာပြီး
မင်းရဲ့ခြေအိပ်လေး
အနွေးထည်လေးဖြစ်ချင်ခဲ့တာပါ
ပြီးတော့မင်းကို ကိုယ့်ရင်ခွင်ထဲထည့်ထားပြီး
နွေးထွေးမှု့တွေပေးချင်ခဲ့တာပါ...

ကဗျာတွေကိုချစ်တဲ့မင်း
လွမ်းတဲ့အချိန်တိုင်း
ကိုယ့်ကိုကဗျာရေးဖို့မှာတယ်
လွမ်းတိုင်းသာကဗျာရေးရမယ်ဆိ
မင်းကိုသိပ့်ချစ်တဲ့အကြောင်းမပါပဲ
ကိုယ်မရေးနိုင်တော့ဘူးချစ်သ
သက်တန့်လေးတွေ
နှင်းပွင့်လေးတွေ
လေပြေလေညှင်းလေးတွေ
ကဗျာလေးတွေ
အို ကိုယ့်ရဲ့ဝင်သက်ထွက်သက်တွေတောင်
မင်းမှမင်းပဲဖြစ်နေခဲ့ပြီ...

ဒီတစ်ခါကိုယ်တို့နှစ်ယောက်တွေ့ရင်
အရမ်းလွမ်းနေကြတဲ့အကြောင်းတွေကို
နှလုံးသားအချင်းချင်းကပ်ပြီ
စကားတွေအများကြီးပြောခိုင်းမယ်
ကိုယ်အရမ်းလွမ်းနေကြောင်း
မင်းနှလုံးသားကပြောလာရင်
အချစ်ဆုံး မင်းမငိုရဘူးနော်...

မရိုးနိုင်တဲ့စကားလေးနှစ်ခွန်း
ကိုယ်မင်းကိုလက်ဆောင်ပါးချင်တယ်
ကိုယ်လေ မင်းကိုအရမ်းချစ်တယ်
အရမ်းလွမ်းနေတယ်ကွယ်...

"ပန်းကလေး"

No comments:

Post a Comment