>>ချစ်သူသို့လွမ်းခြင်း<<
ချစ်သူရေ .....
အတိုင်းအဆမရှိ
လွမ်းဆွတ်ခြင်းတွေက
မုန်တိုင်းနဲ့ပါလာတဲ့
လှိုင်းတွေလိုပဲကွယ်
ရိုက်ခတ်ချက်တွေ
ပြင်းလွန်းပါတယ်
မုန်တိုင်းစဲလို့ ပင်လယ်ပြင်ဟာ
ငြိမ်သက်သွားပေမယ့်
ငါ့ရင်ထဲက အလွမ်းမုန်တိုင်းတွေက
ခုထိထန်နေတုန်း...
~ပန်းကလေး~
No comments:
Post a Comment