~အလွမ်းနေ့စွဲ~
အလွမ်းတွေနဲ့
စုတ်ဖြဲထားတဲ့ပြက္ခဒိန်စာရွက်တွေက
၂ပတ်စာလောက်ကိုယ့်ဘေးမှာ
ပြန့်ကျဲလို့...
အံကိုတင်းတင်းကြိတ်ပြီး
အစိမ်းချုပ်ထားတဲ့
အသည်းနှလုံးတွေလဲ
ဒီနေ့ဆို၁၂ချက်ပြည့်ခဲ့ပြီ. ..
အလွမ်းပေါ်
အလွမ်းဆင့်လို့
မျှော်နေသူလဲ
မောနေပြီအချစ်ရယ်...
ထောင်ချီနေတဲ့မိုင်တိုင်တွေ
တောအုပ်တွေ
ပင်လယ်ပြင်ကိုဖြတ်လို့
ချစ်သူဆီကအသံသဲ့သဲ့လေး
ကိုယ်ပြန်ကြားလိုက်ရတယ်
အရမ်းလွမ်းနေပြီတဲ့...
ရင်ဘက်တစ်ခုလုံးနာကျင်စွာနဲ့ 
ကိုယ်ဆုတောင်းလိုက်တယ်
"အမြန်ပြန်လာပါတော့ချစ်သူ"
"ပန်းကလေး"
အလွမ်းတွေနဲ့
စုတ်ဖြဲထားတဲ့ပြက္ခဒိန်စာရွက
၂ပတ်စာလောက်ကိုယ့်ဘေးမှာ
ပြန့်ကျဲလို့...
အံကိုတင်းတင်းကြိတ်ပြီး
အစိမ်းချုပ်ထားတဲ့
အသည်းနှလုံးတွေလဲ
ဒီနေ့ဆို၁၂ချက်ပြည့်ခဲ့ပြီ.
အလွမ်းပေါ်
အလွမ်းဆင့်လို့
မျှော်နေသူလဲ
မောနေပြီအချစ်ရယ်...
ထောင်ချီနေတဲ့မိုင်တိုင်တွေ
တောအုပ်တွေ
ပင်လယ်ပြင်ကိုဖြတ်လို့
ချစ်သူဆီကအသံသဲ့သဲ့လေး
ကိုယ်ပြန်ကြားလိုက်ရတယ်
အရမ်းလွမ်းနေပြီတဲ့...
ရင်ဘက်တစ်ခုလုံးနာကျင်စွာနဲ
ကိုယ်ဆုတောင်းလိုက်တယ်
"အမြန်ပြန်လာပါတော့ချစ်သူ"
"ပန်းကလေး"
No comments:
Post a Comment